Blog

မန္တလေးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်(အငယ်တန်း)ပြိုင်ပွဲကျင်းပ

မန္တလေးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်(အငယ်တန်း)ပြိုင်ပွဲကျင်းပ

၂၀၁၅-၂၀၁၆ ပညာသင်နှစ် မန္တလေးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်(အငယ်တန်း)ပြိုင်ပွဲကို ယနေ့ နံနက် (၈) နာရီတွင် မန္တလေးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ မန္တလေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာသီတာဝင်း၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးကျော်၊ မန္တလေးအဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်လှ၊ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုရီ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ် မန္တလေးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်(အငယ်တန်း)ပြိုင်ပွဲကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက စတင်ဖွင့်လှစ်ပေးသည်။ မန္တလေးတက္ကသိုလ် ဘာသာရပ်ဌာန အသီးသီးမှ ကျောင်းသား ကျောင်းသူများက တက်ရောက်လာကြသူများကို တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီးနောက် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲကို ကျင်းပသည်။
မန္တလေးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်(အငယ်တန်း)ပြိုင်ပွဲကို ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသူ(၉)ဦး ၀င်ရောက်ယှဉ်ပြိုင်ကြရာ ရူပဗေဒ အထူးပြု မသီရိဝါ၀ါကျော်က ပထမဆုကိုလည်းကောင်း၊ ကွန်ပျူတာသိပ္ပံပညာအထူးပြု မနှင်းဝတ်ရည်က ဒုတိယဆုကိုလည်းကောင်း၊ မြန်မာစာ အထူးပြု မသူသူအောင်က တတိယဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ဆုများကို ဆရာကြီး၊ ဆရာမကြီးများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

Leave a Comment