News

စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့(MBA 8th Batch) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား

စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့(MBA 8th Batch) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား

ဇန်န၀ါရီ ၂၃

မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်သို့ ပူးပေါင်းဖွင့်လှစ်သည့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့(MBA 8th Batch) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ဒေါက်တာထွန်းအောင်၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း၊ မန္တလေးအဝေးသင်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်နိုင်စိုး၊ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ MBA, MPA မှ ကျောင်းသားဟောင်းများနှင့် သင်တန်းသူသင်တန်းသားများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ် ဒေါက်တာထွန်းအောင် နှင့် MBA Program Director ဒေါက်တာခင်မာလှိုင် တို့က MBA 8th Batch မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ အလင်းသစ် မြန်မာမှုအကအဖွဲမှ အကဖြင့်ဖျော်ဖြေခြင်း၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက အဖွင့်အမှာစကားပြောကြားခြင်း၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းနှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ MBA 7th Batch မှ ကိုဟိန်းထက်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ MBA 8th Batch မှ ကိုတင်အောင်မြင့်မှ ကျေးဇူးတင်စကားပြောကြားခြင်းစသည့် အစီအစဉ်များနှင့် ကျင်းပခဲ့ ပါသည်။    ဖွင့်ပွဲအခမ်းအနား ပြီးဆုံးပြီးနောက် တက်ရောက်လာသူများက စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ၍ ဖွင့်ပွဲအခမ်းအနားကို နံနက် ၉း၃၀ တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ကြောင်း သိရသည်။

IMG_7713 IMG_7717 IMG_7726 IMG_7731 IMG_7733 IMG_7736 IMG_7743 IMG_7748 IMG_7750 IMG_7759 IMG_7760 IMG_7762 IMG_7764 IMG_7769