News

မန္တလေးတက္ကသိုလ် ကျောင်းတွင်းသင်္ကြန်အကြိုပွဲတော်ကျင်းပ

မန္တလေးတက္ကသိုလ် ကျောင်းတွင်းသင်္ကြန်အကြိုပွဲတော်ကျင်းပ

မန္တလေး မတ် ၁၀

မန္တလေးတက္ကသိုလ် ကျောင်းသား/သူများ ဦးဆောင်ကျင်းပသည့် မန္တလေးတက္ကသိုလ် ကျောင်းတွင်းသင်္ကြန်အကြိုပွဲတော်ကို ယနေ့ နံနက် ၈ နာရီမှစ၍ မန္တလေးတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပရာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသီတာဝင်း၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာတင်ထွန်းအောင်၊ ဒေါက်တာမဉ္ဇူမင်း၊ မန္တလေးတက္ကသိုလ် ကျောင်းသား/သူများနှင့် မန္တလေးမြို့ပတ်ဝန်းကျင်ရှိ တက္ကသိုလ်များမှ ကျောင်းသား/သူတို့ ပါဝင် ဆင်နွှဲကြသည်။

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း၊ ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာတင်ထွန်းအောင်၊ ဒေါက်တာမဉ္ဇူမင်းတို့က  ကျောင်းတွင်း သင်္ကြန်အကြိုပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ဆရာမကြီး ဒေါက်တာသီတာဝင်းက  အဖွင့်အမှာစကား ပြောကြားပြီးနောက် တမာနန်းအဖွဲ့သားများက “တမာနန်းက မန္တလေးတက္ကသိုလ်က” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေ၍ ကျောင်းတွင်း သင်္ကြန်အကြိုပွဲတော်ကို စတင်ခဲ့သည်။

သင်္ကြန်အကြိုပွဲတော်တွင် ကျောင်းသား/သူများသည် တစ်ဦးနဲ့တစ်ဦး ရေများ၊ ရေမြှပ်များဖြင့် ပက်ဖျန်းခြင်း၊ သီဆိုကခုန်ခြင်းတို့ဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။ နန်းဆုရတီစိုး၊ G-fatt တို့ကလည်း မန္တလေးတက္ကသိုလ် ကျောင်းတွင်း သင်္ကြန်အကြို ပွဲတော်သို့ လာရောက်ကာ သီဆိုဖျော်ဖြေပေးကြကြောင်း သိရသည်။

IMG_0848 IMG_0902 IMG_1009 IMG_1032 IMG_1043 IMG_1131 IMG_1238

Leave a Comment