News

မန္တလေးတက္ကသိုလ် ဆေးရုံတွင် သွေးလှူဒါန်းပွဲကျင်းပ

မန္တလေးတက္ကသိုလ် ဆေးရုံတွင် သွေးလှူဒါန်းပွဲကျင်းပ

မန္တလေးတက္ကသိုလ် သွေးလှူရှင်များအသင်းနှင့် မန္တလေးတက္ကသိုလ် သွေးလှူရှင်များ အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် မန္တလေးတက္ကသိုလ် ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီခွဲမှစတင်၍  သွေးလှူဒါန်းပွဲကို ကျင်းပခဲ့သည်။

အဆိုပါ ပထမအကြိမ် စုပေါင်း သွေးလှူဒါန်းပွဲတွင် မန္တလေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာသီတာဝင်း၊ သင်တန်းရေးရာ(ဌာနမှူး) ဒေါ်လှလှဝင်းနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များက လာရောက် သွေးလှူဒါန်းကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ၀န်ထမ်းများအား ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။  မန္တလေးမြို့ အထွေထွေ ရောဂါကုဆေးရုံကြီး၊ အမျိုသား သွေးလှူဘဏ်ကော်မတီမှ ဆရာဝန်၊ သူနာပြုများက နယ်လှည့်ယာဉ်ဖြင့် လာရောက်၍ သွေးလှူဒါန်းမည့်သူများကို ကျန်းမာရေးစစ်ဆေးပြီးနောက် မန္တလေးတက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ၀န်ထမ်းများက သွေးလှူဒါန်းမှုပြုခဲ့ကြသည်။  မန္တလေးတက္ကသိုလ်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာတင်မောင်အေးနှင့် ဆရာဝန်များ၊ သူနာပြုများကလည်း သွေးလှူဒါန်းရာတွင် ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါ ပထမအကြိမ် စုပေါင်းဒါနသွေးလှူဒါန်းပွဲတွင် မန္တလေးတက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ၀န်ထမ်းများ စုစုပေါင်း (၉၇)ဦး သွေးလှူဒါန်းခဲ့ကြ ကြောင်းသတင်းရရှိပါသည်။