News

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးတက္ကသိုလ်သို့                        လေ့လာရေးခရီးသွားရောက်

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးတက္ကသိုလ်သို့ လေ့လာရေးခရီးသွားရောက်

မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာသန်းသန်းနု ဦးဆောင်သော ဘူမိဗေဒအထူးပြု ဘွဲ့ကြိုကျောင်းသား ကျောင်းသူ (၁၀)ဦးတို့သည် Japan-Asia Youth Exchange Program in Science အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ Hokkaido University, Faculty of Engineering သို့ Advanced Geological Engineering ဘာသာရပ်အား ဇန်န၀ါရီလ ၁၁ မှ ၁၈ ရက်နေ့ထိ သွားရောက်လေ့လာကြမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ လေ့လာရေးခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ Kushiro Coal Mine (ကျောက်မီးသွေးမိုင်း)နှင့် Toyoha Lead-Zinc-Silver Mine (ခဲ-သွပ်-ငွေ သတ္ထုမိုင်း) များသို့လည်း သွားရောက်လေ့လာကြမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာသီတာဝင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုရီတို့သည် လေ့လာရေးခရီး သွားရောက်ကြမည့် ကျောင်းသား ကျောင်းသူများနှင့် စုပေါင်း၍ ယနေ့ နံနက်(၁၀)နာရီတွင် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

Comments are closed, but trackbacks and pingbacks are open.